၂
ရွေးကလေး = ၁ ရွေးကြီး
၎ ရွေးကြီး
= ၁ ပဲ
၂ ပဲ =
၁ မူး
၂ မူး
= ၁ မတ်
၂ မတ် =
၁ ငါးမူး
၂ ငါးမူး =
၁ ကျပ်
၁ ကျပ်သား = ၁၆ ပဲ
၁ဲ = မန္တလေး ၇.၅ ရွေး ( ရန်ကုန် ၈ ရွေး )
၁ဲ = မန္တလေး ၇.၅ ရွေး ( ရန်ကုန် ၈ ရွေး )
၁မူး = ၂ဲ = ၁၅ ရွေး
တစ်မတ် = ၄ဲ = ၃၀ ရွေး
တစ်မတ် = ၄ဲ = ၃၀ ရွေး
ငါးမူး = ၈ဲ = ၆၀ ရွေး
၁ ကျပ်သား = ၁၆ ပဲ = မန္တလေး ၁၂၀ရွေး ( ရန်ကုန် ၁၂၈ ရွေး )
ကျပ် ဖွဲ့ နည်း
ရွေး ကို ၇.၅ ဖြင့်စား ၍ ပဲ ဖွဲ့ပါ
ပဲ ကို ၁၆ ဖြင့် စား ၍ ကျပ် ပြန်ဖွဲ့ နိုင်ပါသည်။
ဥပမာ ။ ။ ၂ဲ ၃ရွေး
၃ ရွေး ÷ ၇.၅ = ၀.၄ဲ + ၂ဲ = ၂.၄ဲ ÷ ၁၆ = ၀.၁၅ ကျပ်သား
၁ ကျပ်သား = ၀.၅၇၆ Ounces
( အောင်စ )
၁ ကျပ်သား = ၀.၅၂၅ Troy Ounces
၁၀၀ ကျပ်သား = ၁ ပိဿာ
၁ ပိဿာ =
၃.၆ Pounds
၁ ပိဿာ =
၁.၆၃၂၉၃၃ Kilograms
ရွှေ ကို ...
၁။ အခေါက်ရွှေ ( သို့မဟုတ် ) မီးလင်း
၂။ ၁၅ဲ ရည် ( ဆယ်ငါးပဲ ရည် )
၃။ ဒင်္ဂါးရည် (သို့မဟုတ် ) ၁၂ ရွေးစပ်
၎။၁၄ဲ ရည် ( ဆယ်လေးပဲ ရည် )
၅။ ရွေးသုံးဆယ်စပ်
၆။ မိုးကြိုး ဟူ၍ ရွှေ ပါဝင်မှုအလိုက် အဆင့်ဆင့်
ခွဲခြားနိုင်သည်။
၁။ အခေါက်ရွှေ ( သို့မဟုတ် ) မီးလင်း ဆိုသည်မှာ ၉၉.၉၉
% ရွှေ ဂုဏ်သတ္တိ အပြည့် သတ္ထု ဒြပ်စင် ဖြစ်သည်။
၂။ ၁၅ဲ ရည်ဆိုသည်မှာ အခေါက်ရွှေ ၁၅ဲ နှင့် ကြေးနီ+ဘော်
၁ဲ(တစ်ပဲ)ပေါင်းစပ်ပြီးတစ်ကျပ်သားပြုလုပ်ထားခြင်းဖြစ်သည်။
၃။ ဒင်္ဂါးရည် ( သို့မဟုတ် ) ၁၂ ရွေးစပ်ဆိုသည်မှာလည်း
အခေါက်ရွှေ ၁၁၈ ရွေးကို ကြေးနီ+ဘော် ၁၂ရွေး ရောစပ်ထားခြင်း ဖြစ်သည်။
၎။ ၁၄ဲရည် ဆိုသည်မှာ လည်း အခေါက်ရွှေ ၁၄ဲ ကိုကြေးနီ+ ဘော်
၂ဲ ရောစပ်ပြီး တစ်ကျပ်သားပြုလုပ်ထားခြင်းဖြစ်သည်။
၅။ ရွေးသုံးဆယ်စပ် ဆိုသည်မှာ အခေါက်ရွှေ သုံးမတ် ( သို့မဟုတ် )
၁၂ဲ သားကို ကြေးနီနှင့်ဘော် ၁ မတ် ( ရွေးသုံးဆယ် ) ရောစပ်၍ တစ်ကျပ်သား
ဖြစ်အောင်ပြုလုပ်ထားခြင်း ဖြစ်သည်။
၆။ မိုးကြိုး ဆိုသည်မှာ ရွှေပါဝင်မှု အနည်းဆုံး
ဖြစ်သည်။ အခေါက်ရွှေ တစ်မတ်သား (၄ဲ) ကို ကြေးနီ နှင့်ဘော် သုံးမတ်သား(၁၂ဲ)သားရောစပ်
၍ ရွှေ လေးဆ ကြေးနီ+ဘော် သုံးဆ ဖြင့် တစ်ကျပ်သားဖြစ်အောင်ပြုလုပ်
ထားခြင်းဖြစ်ပါသည်။
ရွှေဈေး တွက် ပုံ
အခေါက်ရွှေ ဈေး x ၁၁၂.၅ ( ၁၅ဲ = ၁၁၂.၅ ရွေး ) ÷ ၁၂၀ ( အခေါက်ရွှေ = ၁၂၀ ရွေး ) = ၁၅ဲ ရည် ဈေး
အခေါက်ရွှေ ဈေး x ၁၀၅ ( ၁၄ဲ = ၁၀၅ ရွေး ) ÷ ၁၂၀ ( အခေါက်ရွှေ = ၁၂၀ ရွေး ) = ၁၄ဲ ရည် ဈေး
အခေါက်ရွှေ ဈေး x ၁၁၂.၅ ( ၁၅ဲ = ၁၁၂.၅ ရွေး ) ÷ ၁၂၀ ( အခေါက်ရွှေ = ၁၂၀ ရွေး ) = ၁၅ဲ ရည် ဈေး
အခေါက်ရွှေ ဈေး x ၁၀၅ ( ၁၄ဲ = ၁၀၅ ရွေး ) ÷ ၁၂၀ ( အခေါက်ရွှေ = ၁၂၀ ရွေး ) = ၁၄ဲ ရည် ဈေး
၁ အောင်စ ( Troy Ounces ) = ၁.၈၇၅ ကျပ်သား
ဒေါ်လာလဲဈေး x ကမ္ဘာ့ရွှေဈေး ÷ ၁.၈၇၅ = မြန်မာ့ရွှေဈေး
မြန်မာ့ရွှေဈေး ÷ ကမ္ဘာ့ရွှေဈေး
x ၁.၈၇၅ = ၁ဒေါ်လာလဲဈေး
# ဖတ်မိသမျှ စုပေါင်း စပ်ပေါင်း ပြန်လည် ဝေမျှပါသည်။
# မူရင်း မျှဝေ သူများ နှင့် စာဖတ်သူ တို့ ကျန်းမာ ချမ်းသာ ကြပါစေ။
No comments:
Post a Comment