Tuesday, 26 April 2016

ရွှေ တွက်နည်း နှင့် ရွှေဈေး တွက်နည်း



         ၂ ရွေးကလေး    =    ၁  ရွေးကြီး
         ၄ ရွေးကြီး         =    ၁  ပဲ 
         ၂ ပဲ                 =    ၁  မူး
         ၂ မူး                =    ၁  မတ်
         ၂ မတ်              =    ၁  ငါးမူး
         ၂ ငါးမူး             =    ၁   ကျပ်
         ၁ ကျပ်သား        =    ၁၆  ပဲ

               ၁ဲ    =  မန္တလေး ၇.၅ ရွေး ( ရန်ကုန် ၈ ရွေး )
             ၁မူး   =  ၂ဲ       =  ၁၅ ရွေး
        တစ်မတ်  =  ၄ဲ       =  ၃၀ ရွေး
            ငါးမူး  =  ၈ဲ       =  ၆၀ ရွေး
    ၁ ကျပ်သား  =  ၁၆ ပဲ =  မန္တလေး ၁၂၀ရွေး  ( ရန်ကုန် ၁၂၈ ရွေး )
     
     ကျပ် ဖွဲ့ နည်း
     ရွေး ကို ၇.၅ ဖြင့်စား ၍ ပဲ ဖွဲ့ပါ
     ပဲ ကို ၁၆ ဖြင့် စား ၍ ကျပ် ပြန်ဖွဲ့ နိုင်ပါသည်။
     ဥပမာ ။   ။  ၂ဲ  ၃ရွေး 

                        ၃ ရွေး ÷ ၇.၅ = ၀.၄ဲ  + ၂ဲ = ၂.၄ဲ ÷ ၁၆ = ၀.၁၅ ကျပ်သား

    ၁ ကျပ်သား      =   ၀.၅၇၆ Ounces ( အောင်စ )
    ၁ ကျပ်သား      =   ၀.၅၂၅ Troy Ounces
    ၁၀၀ ကျပ်သား    =     ၁  ပိဿာ
    ၁ ပိဿာ                =   ၃.၆ Pounds
    ၁ ပိဿာ         =   ၁.၆၃၂၉၃၃ Kilograms

 ရွှေ ကို ...
 ၁။ အခေါက်ရွှေ ( သို့မဟုတ် ) မီးလင်း
 ၂။ ၁၅ဲ ရည်  ( ဆယ်ငါးပဲ ရည် )
 ၃။ ဒင်္ဂါးရည် (သို့မဟုတ် ) ၁၂ ရွေးစပ်
 ၄။၁၄ဲ ရည်   ( ဆယ်လေးပဲ ရည် )
 ၅။ ရွေးသုံးဆယ်စပ်
 ၆။ မိုးကြိုး ဟူ၍ ရွှေ ပါဝင်မှုအလိုက် အဆင့်ဆင့် ခွဲခြားနိုင်သည်။

၁။ အခေါက်ရွှေ ( သို့မဟုတ် ) မီးလင်း ဆိုသည်မှာ  ၉၉.၉၉ % ရွှေ ဂုဏ်သတ္တိ အပြည့် သတ္ထု ဒြပ်စင် ဖြစ်သည်။
  
၂။ ၁၅ဲ ရည်ဆိုသည်မှာ အခေါက်ရွှေ ၁၅ဲ နှင့် ကြေးနီ+ဘော် ၁ဲ(တစ်ပဲ)ပေါင်းစပ်ပြီးတစ်ကျပ်သားပြုလုပ်ထားခြင်းဖြစ်သည်။

၃။ ဒင်္ဂါးရည် ( သို့မဟုတ် ) ၁၂ ရွေးစပ်ဆိုသည်မှာလည်း အခေါက်ရွှေ ၁၁၈ ရွေးကို ကြေးနီ+ဘော် ၁၂ရွေး ရောစပ်ထားခြင်း ဖြစ်သည်။

၎။ ၁၄ဲရည် ဆိုသည်မှာ လည်း အခေါက်ရွှေ ၁၄ဲ ကိုကြေးနီ+ ဘော် ၂ဲ ရောစပ်ပြီး တစ်ကျပ်သားပြုလုပ်ထားခြင်းဖြစ်သည်။
၅။ ရွေးသုံးဆယ်စပ် ဆိုသည်မှာ အခေါက်ရွှေ သုံးမတ် ( သို့မဟုတ် ) ၁၂ဲ သားကို ကြေးနီနှင့်ဘော် ၁ မတ် ( ရွေးသုံးဆယ် ) ရောစပ်၍ တစ်ကျပ်သား ဖြစ်အောင်ပြုလုပ်ထားခြင်း ဖြစ်သည်။

၆။ မိုးကြိုး  ဆိုသည်မှာ ရွှေပါဝင်မှု အနည်းဆုံး ဖြစ်သည်။  အခေါက်ရွှေ တစ်မတ်သား (၄ဲ) ကို ကြေးနီ နှင့်ဘော် သုံးမတ်သား(၁၂ဲ)သားရောစပ် ၍ ရွှေ လေးဆ  ကြေးနီ+ဘော် သုံးဆ ဖြင့် တစ်ကျပ်သားဖြစ်အောင်ပြုလုပ် ထားခြင်းဖြစ်ပါသည်။

     ရွှေဈေး တွက် ပုံ
    အခေါက်ရွှေ ဈေး x ၁၁၂.၅ ( ၁၅ဲ = ၁၁၂.၅ ရွေး )  ÷  ၁၂၀ ( အခေါက်ရွှေ = ၁၂၀ ရွေး ) = ၁၅ဲ ရည် ဈေး

    အခေါက်ရွှေ ဈေး x ၁၀၅     ( ၁၄ဲ = ၁၀၅ ရွေး )     ÷  ၁၂၀ ( အခေါက်ရွှေ = ၁၂၀ ရွေး ) = ၁၄ဲ ရည် ဈေး  

    ၁ အောင်စ ( Troy Ounces ) = ၁.၈၇၅ ကျပ်သား
    ဒေါ်လာလဲဈေး x ကမ္ဘာ့ရွှေဈေး  ÷  ၁.၈၇၅ = မြန်မာ့ရွှေဈေး 
    မြန်မာ့ရွှေဈေး  ÷  ကမ္ဘာ့ရွှေဈေး x ၁.၈၇၅ = ၁ဒေါ်လာလဲဈေး 


# ဖတ်မိသမျှ  စုပေါင်း စပ်ပေါင်း ပြန်လည် ဝေမျှပါသည်။
# မူရင်း မျှဝေ သူများ နှင့် စာဖတ်သူ တို့ ကျန်းမာ ချမ်းသာ ကြပါစေ။

Friday, 22 April 2016

မြန်မာလက်သမားတို့၏သစ်တွက်နည်း





မြန်မာလက်သမားတို့၏သစ်တွက်နည်းဝေမျှပါသည်။
သစ်တစ်တန်=၄၀၀လက္မ သတ်မှတ်ပါသည်။
.
ဥပမာ ၂"X၁"( အရှည်၁၈ ပေ)=၂"ဟုသတ်မှတ်သည်။
၄၀၀ ÷၂= ၂၀၀ ထို့ကြောင့် ၂"၁"(အရှည်၁၈ပေ) ၂၀၀ ချောင်းသည် တစ်တန်ဖြစ်သည်။
.
၃" x ၁" = ၃"(အားလုံးပေရှည် ၁၈ပေမှတ်ယူရပါမည်)
၎" x ၁" = ၄"(၁၀၀ချောင်း)
၅" x ၁" = ၅"(၄၀၀စား၅ (၈၀ချောင်း)
၆" x ၁" = ၆"(၆၆.၆ ချောင်း)
၃" x ၀.၅" = ၁.၅"(၂၆.၆၆ ချောင်း)
၎" x ၀.၅" = ၂"(၂၀၀ ချောင်း)
၎" x ၄" = ၁၆ လက္မ(၂၅ ချောင်း)
၅" x ၅" = ၂၅လက္မ(၁၆ ချောင်း)
.
ဥပမာ။ ။ တန်ဘိုး တစ်တန်=၄၀၀၀၀၀ကျပ်
.
၄၀၀၀၀၀ / ၄၀၀= ၁၀၀၀ ကျပ်(၁"တန်ဘိုးဖြစ်သည်)
.
၂" x ၁၀၀၀=၂၀၀၀၀ကျပ်(၂" x ၁" ၁၈ပေတစ်ချောင်း၏တန်ဘိုးဖြစသည်။

online ကနေ တွက်ချင်တယ်ဆိုတဲ့သူတွေအတွက်.....

Thursday, 21 April 2016

ဘိလပ်မြေနှင့် သံချောင်း တွက်နည်း

“ဘိလပ်မြေနှင့် သံချောင်း တွက်နည်း”
*******************************************
.
ဘိလပ်မြေ အုတ်သဲကျောက် ဘယ်လောက်ကုန်မလဲ 
မေးတတ်လို့  အကြမ်းတွက်လို့ ရအောင်ပါ။
.
မြန်မာပြည် ဆောက်လုပ်ရေးမှာ ကျင်းနဲ့  ပြောကြပါတယ်။ 
ကုဗကျင်းနဲ စကွဲယားကျင်း ဆိုပြီးရှိပါတယ်။
.
"ကုဗကျင်း"
======
.
- ကုဗကျင်းက အလျား အနံ အမြင့် ၃ ခု မြှောက်တာပါ။ 
၃ ခုမြှောက်လို့ ၁၀၀ ရရင် ၁ ကျင်းပါ။ 
၅၀ ဆို ကျင်းဝက်၊ ၂၅ ဆို ကျင်းတစ်မတ် စသဖြင့်ပါ။
.
- ကုဗကျင်းကို ၉ လက်မနဲ့ အထက် အုတ်စီခြင်းတို့  
ကွန်ကရစ်လောင်းခြင်းတို့  
မြေကြီးတူးခြင်းတို့ မှာ အများဆုံးသုံးပါတယ်။
.
- ရှိသမျှ အလျားအနံအမြင့်တွေ လိုက်မြှောက် ပေါင်းလိုက်ရင် 
ကုဗကျင်းထွက်လာပါပြီ။
.
- မြေကြီး၁ ကျင်းဆို ၁၀ပေပတ်လည် ၁ ပေ အနက် ရှိရပါမယ်။
.
- 1:3:6 အချိုး 
ကွန်ကရစ် ဘိလပ်မြေ ၁၃ အိတ်ခန့်  
သဲကျင်းဝက် ကျောက် ၁ ကျင်း
.
- 1:2:4 အချိုး 
ကွန်ကရစ် ဘိလပ်မြေ ၁၈ အိတ်ကျော်ခန့်  
သဲကျင်းဝက် ကျောက် ၁ ကျင်း
.
- 1: 1-1/2 အချိုး 
ကွန်ကရစ် ဘိလပ်မြေ ၂၅ အိတ်ခန့်  
သဲကျင်းဝက် ကျောက်၁ ကျင်း
.
- အုတ်ဖိနပ်တွေမှာ အသုံးများတဲ့ ၉ လက်မအထက် အုတ်စီခြင်း 
ကုဗတစ်ကျင်းဆို ၁၃၅၀ လုံး၊
ဘိလပ်မြေကတော့ သုံးတဲ့အချိုးမှာမူတည်ပါတယ်။
.
- အများသုံးတဲ့ 1:4 အချိုးဆို 
ဘိလပ်မြေ ၆ အိတ်နီးပါး၊ သဲ .၂၈ ကျင်းတစ်မတ် သာသာလောက်။
.
"စကွဲယားကျင်း"
=========
.
- စကွဲယားကျင်း အလျားနဲ့  အနံ ပဲမြှောက်ပြီး ၁၀၀ ဆို ၁ ကျင်း။
.
- ၄လက်မခွဲ အုတ်စီခြင်း 
ဆေးသုတ်ခြင်းတို့  
အမိုးမိုးခြင်းတို့  
ကြွေပြားကပ်ခြင်းတို့ မှာ သုံးပါတယ်။
.
- နံရံတွေမှာ အသုံးများတဲ့ ၄.၅ လက်မ အုတ်စီခြင်း မှာ 
အုတ် ၅၅၀ လုံး
.
- 1:4 အချိုး ဘိလပ်မြေ 2.7 အိတ် သဲ .11 ကျင်း
.
"သံချောင်း"
======
.
- သံချောင်းတစ်ချောင်းဟာ ဆိုက်မှန်ပါက 
ပေ ၄၀/ ၁၂ မီတာရှိရပါတယ်။ 
သို့ ပေမယ့် ၃၉ပေ ၆ လက်မလောက်ဆို မှန်တယ်ပြောရပါမယ်။ 
ဘာမားဖြစ်ကတော့ အတိအကျပြောလို့  မရပါဘူး။
.
တစ်တန်မှာရှိရမယ့် အချောင်းရေက
.
- 10 မီလီ ၃မူး ( ၃/၈) မှာ ပေ၄၀ အရှည် ၁၃၅ ချောင်း
- ၁၂ မီလီ ၅မူး ( 1/2) မှာ ၈၈ ချောင်း
- ၁၆ မီလီ ၆မူး ( 5/8) မှာ ၅၃ ချောင်း
- ၂၀ မီလီ ၃မတ် (3/4) မှာ ၃၃ ချောင်း
- ၂၅ မီလီ ကျပ်လုံးမှာ (1) မှာ ၂၁ ချောင်း ရှိပါတယ်။
.
"ဘိလပ်မြေ"
=======
.
- ဘိလပ်မြေ ၁ အိတ်ဟာ ၅၀ ကီလိုလေးပြီး 
အိတ်၂၀ ဟာ ၁ တန်ပါ။
.
- သံချောင်းတွေဆက်ဖို့ လိုရင် တိုင်တွေမှာ 
အနည်းဆုံး အဆ ၄၀ ထပ်မိနေစေ ရပါမယ်။
.
- ထုပ်တွေ ယက်မတွေမှာတော့ အဆ ၆၂ လောက်ထိ
သုံးတတ်ပါတယ်။ 
ခိုချင်ရင်တော့ ၅၀ဆလောက် ဆို ရလောက်ပါတယ်။
.
အခုနောက်ပိုင်း မီတာနဲ့ သုံးလာပါတယ်။
ဆက်သွယ်ချက်က
၁မီတာ 1M မှာ ၃ ပေ ၃ လက်မ ၃ မူးရှိပါတယ်။
လက်သမားနဲ့  ယှဉ်ပြောလို့ ရတဲ့အခေါ်ပါ။
.
1 M မီတာ= 3.281 ပေ
1 လက်မ= 25.4 mm မီလီမီတာ
1 ( 1m X 1m) မီတာ စကွဲယား= 10.78 ပေစကွဲယား
.
ကွန်ကရစ် 1 (1mX 1mX 1m) မီတာကျု = 35.32 ကုဗပေ Cuft
.
Credit to Original uploader