အင်ဒို ငပိထောင်း
ပါဝင်ပစ္စည်းများ
ငရုတ်သီးအပွအနီတောင့် - ၅ တောင့်
ခရမ်းချဉ်သီး - ၃ လုံး
ကြက်သွန်နီအသေး - ၅ လုံး
ကြက်သွန်ဖြူ - ၄ မွှာ
ငရုတ်သီးစိမ်း/ အနီ အစပ် ၁၀ တောင့်
ပုစွန်ငါးပိ - စားပွဲဇွန်း - ၃ ဇွန်း
သကြား - ၂ ဇွန်း
ဆား - အနည်းငယ်
သံပုရာသီး - ၂ လုံး
ဆီ - အနည်းငယ်
ပြုလုပ်နည်း
၁။ ဦးစွာ ပါဝင်ပစ္စည်းများအားလုံးကို ရေဆေးသန့်စင်ပြီး အတုံးငယ်လေး
များဖြစ်အောင် လှီးဖြတ်ထားပါ။
၂။ ဒယ်အိုးတစ်အိုးကို အပူပေး၍ ဆီအနည်းငယ်နှင့် ငါးပိကိုကြော်ပြီး ဘေး ဖယ်ထားပါ။
၃။ အိုးထဲကို ဆီအနည်းငယ်ထပ်ထည့်ပြီး ကြက်သွန်၊ ခရမ်းချဉ်သီးနှင့် ငရုတ်သီး လှီးဖြတ်ထားသည်တို့ကို ထည့်၍ အနည်းငယ်နွမ်းအောင် ဆီသတ်ပါ။
၄။ အနည်းငယ်နွမ်းပြီး ဆီသတ်နံ့မွှေးလာပါက မီးဖိုပေါ်မှ ချပါ။
၅။ ကြော်ထားပြီးသား ငါးပိနှင့် ဆီသတ်ထားသည်တို့ကို ငရုတ်ဆုံထဲ ထည့်၍ ဖိခြေပြီး ထောင်းပါ။ စက်ဖြင့်လည်း ကြိတ်နိုင်ပါတယ်။
၆။ အတော်အသင့်ကြေညက်ပါက သကြားနှင့် သံပုရာရည်ထည့်ပါ။
၇။ သမအောင်မွှေပြီး အရသာအပေါ့ အငန် မြည်းပါ။ လိုအပ်ပါက ဆား အနည်းငယ်ထည့်ပြီး နှစ်သက်ရာ ကြက်ကြော်၊ ထမင်းဖြူ၊ သီးနှံ တို့စရာတို့ နှင့် တွဲဖက်တည်ခင်းနိုင်ပါပြီ။
ကြိတ်ပြီးသား ငါးပိထောင်းအထားခံရန် ဆီအနည်းငယ်ဖြင့် ဆီပြန်လာ အောင် ချက်ထားပြီးလည်း သုံးဆောင်နိုင်ပါတယ်။
Crd..